PTC (Paid To Click) ဆိုတာ တိုက်ရိုက်ဘာသာ ပြန်ရင်တော့ " ပိုက်ဆံရဖို့ Click ပါ " ပေါ့။ 2007 ခုနှစ်လောက်မှာ PTC Website တွေ စပေါ်လာပါတယ်။ အချို့တော့ ထင်ကြလိမ့်မယ်။ "ဒါလေး Click လိုက်တာနဲ့ ပိုက်ဆံရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား" "သူတို့ကကော ပိုက်ဆံတွေ အလကားပေး နေမှာတဲ့လား" ။ ဟုတ်ကဲ့ ရပါတယ် ခင်ဗျာ။ ဖြစ်ပုံက ဒီလိုဗျ :P ။ Online ပေါ်မှာ အလုပ်လုပ်နေတဲ့ Company တွေ အများကြီးရှိပါတယ်။ အဲ့ဒီ Company တွေက Product တွေကို တစ်ကမ္ဘာလုံးသိအောင် ကြေငြာချင်ကြပါတယ်။ ဒါပေမယ့် တွက်ကြည့်မယ်ဆိုရင် ကြေငြာစရိတ်တွေ အရမ်းများတဲ့ အတွက် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ပိုမို ထိရောက်နည်း တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒါကတော့ လူသန်းပေါင်း များစွာ မြင်တွေ့နေတဲ့ Online ဈေးကွက်မှာ ကြေငြာခြင်း ပါ။ Product တွေကို ကိုယ်ပိုင် Website မှာ တင်ရောင်း ကြတဲ့အခါ လူတိုင်းဝင်ကြည့်ဖို့ အဆင်မပြေပါဘူး။ လူတိုင်းကလည်း ကြည့်မှာ မဟုတ်ပါဘူး။ နောက်ထပ် ခြေလှမ်းတစ်ခုအနေနဲ့ Social Website တွေဆီ ခြေဦး လှည့်ကြပြန်ပါတယ်။ လူဝင်များတဲ့ Social Website တွေမှာ ကြေငြာတင်လိုက်ရင် ကိုယ့် Product အကြောင်း လူတွေတွေ့မယ်ဆိုတဲ့ Idea နဲ့ပါ။ ဒါကြောင့် Social Website တွေကို ဒေါ်လာသန်းချီ ကမ်းလှမ်းပြီး ကြေငြာတွေ တင်ကြပါတယ်။ ဒါပေမယ့် ခရီးမတွင်ကြပါဘူး။ ဒီလိုအပ်ချက်ကို မြင်တဲ့အတွက် PTC Website အချို့ ပေါ်ပေါက်လာပါတယ်။ သူတို့တွေက Company တွေကနေ ငွေ အချို့နဲ့ ကြေငြာတွေကို ရယူပါတယ်။ ဥပမာ ကြေငြာတစ်ခုကို လူတစ်ထောင်ကြည့်ဖို့အတွက် $10 လောက်ထိ ယူပြီး သူတို့ရဲ့ Website တွေမှာ ကြေငြာတင်ပေးပါတယ်။ ကြေငြာကြည့်မယ့်သူ (PTC Member)တွေ ရှာပါတယ်။ ပြီးတော့ ကြေငြာကြည့်မယ့်သူ အယောက်တစ်ထောင်အတွက် 5$ လောက်ပေးပြီး ကြည့်ခိုင်းပါတယ်။ ဒါကြောင့် PTC Site မှာ ကြေငြာကြည့်ရင် 0.0001 $ လောက်သာ ရတာပါ။ ကြေငြာကြည့်ရင် အနည်းဆုံး 5 sec ကနေ 5 minute လောက်ထိ အတိအကျ ကြည့်ပေးရပါတယ်။ ဒီတော့ Company တွေဘက်က နေရင်လည်း သူတို့ရဲ့ Product ကြေငြာကို လူတွေကြည့်တဲ့အတွက် အဆင်ပြေပါတယ်။ PTC Site အနေနဲ့ကလည်း အမြတ်ငွေရတဲ့အတွက် အဆင်ပြေပါတယ်။ ကြေငြာကြည့်တဲ့ Member တွေ အနေနဲ့ကလည်း ပိုက်ဆံရပါတယ်။ ဒါပေမယ့် Member တွေအနေနဲ့ ရတဲ့ငွေကြေးကတော့ နည်းပါးတာပေါ့။ ဒီလိုနဲ့ပဲ PTC Website တွေ ဖြစ်ပေါ်လာပါတယ်။ Onlineပေါ်မှာ PTC Website ပေါင်း 100,000 ကျော် ရှိပါတယ်။ ဒီ Website တွေထဲကမှ အမှန်တကယ်ပိုက်ဆံပေးတဲ့ Website နည်းပါတယ်။ Online ပေါ်မှာ အမှန်တစ်ကယ် ယုံကြည်ရတဲ့ PTC Websiteမျိုး ငွေကြေးအရှုပ်အရှင်း ကင်းတဲ့ Website မျိုးကတော့ တော်တော့်ကို နည်းပါတယ်။ အချို့တွေက Member ၀င်ကြေးတောင်းပြီး Click လုပ်ခိုင်းမယ်။ တကယ်ငွေထုတ်ရမယ့် အချိန်ကျ ပျောက်သွားရော။ ဒီတော့ သေချာလေ့လာပြီး မှလုပ်ပါ။ ငွေရနှုန်းအနေနဲ့ကလည်း PTC Website တွေကနည်း ရတဲ့နှုန်းဟာ အစောပိုင်းမှာ 1$ 2$လောက်သာ ရတတ်ပါတယ်။ ဒါပေမယ့် တစ်ရက်ကို 15 minute လောက်ပဲ အချိန်ပေးရတဲ့အတွက် Facebook ပေါ်မှာ Chat နေတဲ့ အချိန်လေးတွေထဲက နည်းနည်းပဲ ဖဲ့ပေးရတာပါ။ ထွေထွေထူးထူး Bill
လည်း အများကြီး မကုန်ပါဘူး။ ငွေကလည်း တဖြည်းဖြည်းပဲ ရှာရမှာပါ။ တစ်လကို 2$ လောက်ရနေတာကနေ နောက်ပိုင်းမှာ 100$ လောက်ထိ အသာလေး ရနိုင်ပါတယ်။ ဒါပေမယ့် PTC Website တွေကို 80% ပဲ ယုံကြည်ပါ။ တစ်ရက်မှာ 15မိနစ်လောက် အချိန်ပိုတယ်ဆိုမှ လုပ်ပါ။ :)
No comments:
Post a Comment