Thursday, January 28, 2016

PSP ဆိုတာ . . .

PSP(Play Station Portable) ဂိမ်းစက်တွေကို Sony Computer Entertainment မှ ထုတ်လုပ်ခဲ့တာဖြစ်ပြီး 12.12.2004 မှာ မိခင်ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီနေ့မတိုင်ခင် 2003 လောက်ကတည်းက SONY Computer Entertainment ကနေ PSP လို့ခေါ်တဲ့ Game Console တစ်မျိုး ထုတ်မယ်လို့ ကြေငြာခဲ့တယ်။ ပထမဆုံး PSP Model က PSP-1000 ဖြစ်ပြီး ဂျပန်ယန်းငွေ 19,800 တန်ဖိုးရှိပါတယ်။ အောင်မြင်မှု ရရှိခဲ့တဲ့ PSP1000 ဟာ ပထမဆုံးစတင်ရောင်းချတဲ့ နေ့မှာတင် အလုံးရေ 200,000 ခန့် ရောင်းချခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ PSP-2000/Slim & Lite(2007), PSP-3000 (2008), PSP Go (2009), PSP-E1000 (2011) စသဖြင့် အသီးသီး ထုတ်လုပ်ခဲ့ပါတယ်။ PSP Game တွေဟာ မူလထွက်ရှိပြီးသား PS 1 & 2 ဂိမ်းတွေပေါ် အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် ဆော့ကစားသူတွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဥပမာ God Of War ( Ghost Of Sparta) ဆိုရင် PS 2 မှာထွက်ရှိခဲ့တဲ့ God Of War Series 2 ခုလုံးကို ပေါင်းစုပြီး ရေးဆွဲထားတဲ့ သဘော မျိုးဖြစ်တာကြောင့် ထူးခြားတဲ့ Enemy Characters တွေ၊ Attack Animation တွေအပြင် ဇာတ်လမ်းကျောရိုး အသစ်မှာ ကစားရမှာဖြစ်ပြီး ဆော့ကစားသူ များပြားခဲ့တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ PSP Game တွေရဲ့ Extension တွေက .iso အနေနဲ့ဖြစ်ပြီး အခြား Platform တွေဖြစ်တဲ့ Android / iOs နဲ့ Window တို့မှာလည်း Emulator တွေအသုံးပြုပြီး ဆော့ကစားနိုင်ပါတယ်။ လက်ရှိ အကောင်းဆုံး PSP Emulator မှာ PPSSPP ဖြစ်ပြီး Platform မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ PSP ဂိမ်းစက် ​တွေဟာ ဂိမ်းဆော့ဖို့အတွက် တစ်မျိုးတည်းမဟုတ်ပဲ Mutimedia များဖြစ်တဲ့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။ ဈေးနှုန်း အနေနဲ့ ၁၈၀,၀၀၀ ကျပ် ၀န်းကျင်လောက်မှစပြီး ဝယ်ယူနိုင်တာကြောင့် အသင့်အတင့် တန်ကြေးရှိတယ်လို့ ဆိုနိုင်မှာပါ။ PSP ROM/ISO တွေကို Download ယူချင်တယ်ဆိုရင်တော့ အောက်ပါ Website တွေမှာ ရှာဖွေပြီး Download လုပ်နိုင်ပါတယ်။

Downarea51 : www.downarea51.com ( password for Downloadlink and Files => downarea51 )

Nico Blog : www.nicoblog.org

PSPiso : www.pspiso.com

Emuparadise : www.emuparadise.mobi/PSP_ROMs/44

PSP Share : www.pspshare.org

No comments:

Post a Comment