Thursday, January 28, 2016

PSP ဆိုတာ . . .

PSP(Play Station Portable) ဂိမ်းစက်တွေကို Sony Computer Entertainment မှ ထုတ်လုပ်ခဲ့တာဖြစ်ပြီး 12.12.2004 မှာ မိခင်ဂျပန်နိုင်ငံမှာ စတင်ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီနေ့မတိုင်ခင် 2003 လောက်ကတည်းက SONY Computer Entertainment ကနေ PSP လို့ခေါ်တဲ့ Game Console တစ်မျိုး ထုတ်မယ်လို့ ကြေငြာခဲ့တယ်။ ပထမဆုံး PSP Model က PSP-1000 ဖြစ်ပြီး ဂျပန်ယန်းငွေ 19,800 တန်ဖိုးရှိပါတယ်။ အောင်မြင်မှု ရရှိခဲ့တဲ့ PSP1000 ဟာ ပထမဆုံးစတင်ရောင်းချတဲ့ နေ့မှာတင် အလုံးရေ 200,000 ခန့် ရောင်းချခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ PSP-2000/Slim & Lite(2007), PSP-3000 (2008), PSP Go (2009), PSP-E1000 (2011) စသဖြင့် အသီးသီး ထုတ်လုပ်ခဲ့ပါတယ်။ PSP Game တွေဟာ မူလထွက်ရှိပြီးသား PS 1 & 2 ဂိမ်းတွေပေါ် အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် ဆော့ကစားသူတွေကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဥပမာ God Of War ( Ghost Of Sparta) ဆိုရင် PS 2 မှာထွက်ရှိခဲ့တဲ့ God Of War Series 2 ခုလုံးကို ပေါင်းစုပြီး ရေးဆွဲထားတဲ့ သဘော မျိုးဖြစ်တာကြောင့် ထူးခြားတဲ့ Enemy Characters တွေ၊ Attack Animation တွေအပြင် ဇာတ်လမ်းကျောရိုး အသစ်မှာ ကစားရမှာဖြစ်ပြီး ဆော့ကစားသူ များပြားခဲ့တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ PSP Game တွေရဲ့ Extension တွေက .iso အနေနဲ့ဖြစ်ပြီး အခြား Platform တွေဖြစ်တဲ့ Android / iOs နဲ့ Window တို့မှာလည်း Emulator တွေအသုံးပြုပြီး ဆော့ကစားနိုင်ပါတယ်။ လက်ရှိ အကောင်းဆုံး PSP Emulator မှာ PPSSPP ဖြစ်ပြီး Platform မျိုးစုံမှာ အသုံးပြုနိုင်ပါတယ်။ PSP ဂိမ်းစက် ​တွေဟာ ဂိမ်းဆော့ဖို့အတွက် တစ်မျိုးတည်းမဟုတ်ပဲ Mutimedia များဖြစ်တဲ့ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။ ဈေးနှုန်း အနေနဲ့ ၁၈၀,၀၀၀ ကျပ် ၀န်းကျင်လောက်မှစပြီး ဝယ်ယူနိုင်တာကြောင့် အသင့်အတင့် တန်ကြေးရှိတယ်လို့ ဆိုနိုင်မှာပါ။ PSP ROM/ISO တွေကို Download ယူချင်တယ်ဆိုရင်တော့ အောက်ပါ Website တွေမှာ ရှာဖွေပြီး Download လုပ်နိုင်ပါတယ်။

Downarea51 : www.downarea51.com ( password for Downloadlink and Files => downarea51 )

Nico Blog : www.nicoblog.org

PSPiso : www.pspiso.com

Emuparadise : www.emuparadise.mobi/PSP_ROMs/44

PSP Share : www.pspshare.org

Monday, January 25, 2016

PTC ( Paid To Click) ဆိုတာ

    PTC (Paid To Click) ဆိုတာ တိုက်ရိုက်ဘာသာ ပြန်ရင်တော့ " ပိုက်ဆံရဖို့ Click ပါ " ပေါ့။ 2007 ခုနှစ်လောက်မှာ PTC Website တွေ စပေါ်လာပါတယ်။ အချို့တော့ ထင်ကြလိမ့်မယ်။ "ဒါလေး Click လိုက်တာနဲ့ ပိုက်ဆံရတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား" "သူတို့ကကော ပိုက်ဆံတွေ အလကားပေး နေမှာတဲ့လား" ။ ဟုတ်ကဲ့ ရပါတယ် ခင်ဗျာ။  ဖြစ်ပုံက ဒီလိုဗျ :P ။ Online ပေါ်မှာ အလုပ်လုပ်နေတဲ့ Company တွေ အများကြီးရှိပါတယ်။ အဲ့ဒီ Company တွေက Product တွေကို တစ်ကမ္ဘာလုံးသိအောင် ကြေငြာချင်ကြပါတယ်။ ဒါပေမယ့် တွက်ကြည့်မယ်ဆိုရင် ကြေငြာစရိတ်တွေ အရမ်းများတဲ့ အတွက် မလုပ်နိုင်ကြပါဘူး။ ဒါကြောင့် ပိုမို ထိရောက်နည်း တစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒါကတော့ လူသန်းပေါင်း များစွာ မြင်တွေ့နေတဲ့ Online ဈေးကွက်မှာ ကြေငြာခြင်း ပါ။ Product တွေကို ကိုယ်ပိုင် Website မှာ တင်ရောင်း ကြတဲ့အခါ လူတိုင်းဝင်ကြည့်ဖို့ အဆင်မပြေပါဘူး။ လူတိုင်းကလည်း ကြည့်မှာ မဟုတ်ပါဘူး။ နောက်ထပ် ခြေလှမ်းတစ်ခုအနေနဲ့ Social Website  တွေဆီ ခြေဦး လှည့်ကြပြန်ပါတယ်။ လူဝင်များတဲ့ Social Website တွေမှာ ကြေငြာတင်လိုက်ရင် ကိုယ့် Product အကြောင်း လူတွေတွေ့မယ်ဆိုတဲ့ Idea နဲ့ပါ။ ဒါကြောင့် Social Website တွေကို ဒေါ်လာသန်းချီ ကမ်းလှမ်းပြီး ကြေငြာတွေ တင်ကြပါတယ်။ ဒါပေမယ့် ခရီးမတွင်ကြပါဘူး။  ဒီလိုအပ်ချက်ကို မြင်တဲ့အတွက် PTC Website အချို့ ပေါ်ပေါက်လာပါတယ်။ သူတို့တွေက Company တွေကနေ ငွေ အချို့နဲ့ ကြေငြာတွေကို ရယူပါတယ်။ ဥပမာ ကြေငြာတစ်ခုကို လူတစ်ထောင်ကြည့်ဖို့အတွက် $10 လောက်ထိ ယူပြီး သူတို့ရဲ့ Website တွေမှာ ကြေငြာတင်ပေးပါတယ်။ ကြေငြာကြည့်မယ့်သူ (PTC Member)တွေ ရှာပါတယ်။ ပြီးတော့ ကြေငြာကြည့်မယ့်သူ အယောက်တစ်ထောင်အတွက် 5$ လောက်ပေးပြီး ကြည့်ခိုင်းပါတယ်။ ဒါကြောင့် PTC Site မှာ ကြေငြာကြည့်ရင် 0.0001 $ လောက်သာ ရတာပါ။ ကြေငြာကြည့်ရင် အနည်းဆုံး 5 sec ကနေ 5 minute လောက်ထိ အတိအကျ ကြည့်ပေးရပါတယ်။ ဒီတော့ Company တွေဘက်က  နေရင်လည်း သူတို့ရဲ့ Product ကြေငြာကို လူတွေကြည့်တဲ့အတွက် အဆင်ပြေပါတယ်။ PTC Site အနေနဲ့ကလည်း အမြတ်ငွေရတဲ့အတွက် အဆင်ပြေပါတယ်။ ကြေငြာကြည့်တဲ့ Member တွေ အနေနဲ့ကလည်း ပိုက်ဆံရပါတယ်။ ဒါပေမယ့် Member တွေအနေနဲ့ ရတဲ့ငွေကြေးကတော့ နည်းပါးတာပေါ့။ ဒီလိုနဲ့ပဲ PTC Website တွေ ဖြစ်ပေါ်လာပါတယ်။ Onlineပေါ်မှာ PTC Website ပေါင်း 100,000 ကျော် ရှိပါတယ်။ ဒီ Website တွေထဲကမှ အမှန်တကယ်ပိုက်ဆံပေးတဲ့ Website နည်းပါတယ်။ Online ပေါ်မှာ အမှန်တစ်ကယ် ယုံကြည်ရတဲ့ PTC Websiteမျိုး ငွေကြေးအရှုပ်အရှင်း ကင်းတဲ့ Website မျိုးကတော့ တော်တော့်ကို နည်းပါတယ်။ အချို့တွေက Member ၀င်ကြေးတောင်းပြီး Click လုပ်ခိုင်းမယ်။ တကယ်ငွေထုတ်ရမယ့်​ အချိန်ကျ ပျောက်သွားရော။ ဒီတော့ သေချာလေ့လာပြီး မှလုပ်ပါ။ ငွေရနှုန်းအနေနဲ့ကလည်း PTC Website တွေကနည်း ရတဲ့နှုန်းဟာ အစောပိုင်းမှာ 1$ 2$လောက်သာ ရတတ်ပါတယ်။ ဒါပေမယ့် တစ်ရက်ကို 15 minute လောက်ပဲ အချိန်ပေးရတဲ့အတွက် Facebook ပေါ်မှာ Chat နေတဲ့ အချိန်လေးတွေထဲက နည်းနည်းပဲ ဖဲ့ပေးရတာပါ။ ထွေထွေထူးထူး Bill
လည်း အများကြီး မကုန်ပါဘူး။ ငွေကလည်း တဖြည်းဖြည်းပဲ ရှာရမှာပါ။ တစ်လကို 2$ လောက်ရနေတာကနေ နောက်ပိုင်းမှာ 100$ လောက်ထိ အသာလေး ရနိုင်ပါတယ်။ ဒါပေမယ့် PTC Website တွေကို 80% ပဲ ယုံကြည်ပါ။ တစ်ရက်မှာ 15မိနစ်လောက် အချိန်ပိုတယ်ဆိုမှ လုပ်ပါ။ :)

Bitcoin အကြောင်း

    Bitcoin ဆိုတာ Online Digital Currency လို့ခေါ်တဲ့ Online ငွေပေးချေမှုတစ်ခုပဲ ဖြစ်ပါတယ်။ 2009 မှာ Satoshi Nakamoto က ဖန်တီးခဲ့ပါတယ်။ Onlineမှာ ငွေပေးချေမှုများအပြင် ငွေမည်းခ၀ါချမှုတွေအတွက်ပါ Bitcoin ကို အသုံးပြုလာကြပါတယ်။ Bitcoinဟာ ငွေကြေးတစ်မျိုး ဆိုပေမယ့် ပြင်ပမှာ ငွေသားအနေနဲ့ အသုံးမပြုနိုင်ပါဘူး။ Money Exchanger တွေမှာ US $ တွေနဲ့ လှဲလှယ်လို့ရပါတယ်။ ဒါ့အပြင့် Bitcoin ရောင်းဝယ်တဲ့ Siteတွေကနေလည်း တိုက်ရိုက် ၀ယ်ယူနိုင်ကြပါတယ်။ နောက်ထပ်တစ်ခုအနေနဲ့က Bitcoinဟာ Decentralized Currencyဖြစ်ပါတယ်။ ဥပမာ မြန်မာငွေဆိုရင် နိုင်ငံတော်ဗဟိုဘဏ်ကနေ ပိုင်ပါတယ်။ အဲ့ကနေပဲ တာဝန်ယူပြီး ထုတ်လုပ်တဲ့ငွေကြေးပါ။ Bitcoin ကတော့ အဓိကပိုင်ရှင်ဆိုတာ မရှိပါဘူး။ Virtual Currency ဖြစ်တဲ့အတွက် Onlineကနေ တစ်ယောက်နဲ့တစ်ယောက် Peer To Peer (တိုက်ရိုက်) ငွေလွှဲလို့ရပါတယ်။ ငွေလွှဲခအနေနဲ့ကလည်း မကုန်သလောက်ပါပဲ။ ဒါကြောင့်လည်း Bitcoin ကို အသုံးများသည်ထက် များပြားလာခဲ့ပါတယ်။ Bitcoin ကို အများအပြား အသုံးပြုလာကြတဲ့အတွက် Cryptocurrency ၀ယ်ယူမှုကြောင့် ဈေးနှုန်းအတက်အကျတွေ ဖြစ်ပေါ်လာပါတယ်။ ဈေးနှုန်းအတက်အကျမှာ 1btc ကို 1000$လောက်ထိ တက်ခဲ့ပြီး ဈေးကျချိန်မှာ 240$အထိ ထိုးကျတာတွေ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ Bitcoinကို အမေရိကန်ဘဏ္ဍာရေးစနစ်မှာ တရားဝင်အဖြစ် သတ်မှတ်ပြီး ၀န်ဆောင်မှု ပေးခဲ့ပါတယ်။
    Bitcoinမှာ Unitလက်ခွဲတွေရှိပါတယ်။ မြန်မာငွေမှာဆိုရင် ကျပ် မူး မတ် ပြား ပဲ ဆိုပြီး ကွဲပြားသလိုပေါ့။ အကြီးဆုံး Unitက BTC ဖြစ်ပါတယ်။ 1btcဆိုရင် Bitcoin တစ်ခုပေါ့။ Bitcoin ရဲ့အောက်မှာ mBTC / uBTC / kBTC ဆိုပြီး ရှိပါသေးတယ်။ အငယ်ဆုံးယူနစ် ကတော့ Satoshi ဖြစ်ပါတယ်။
    1btc=1,000mbtc
    1btc=1,000,000bits (kbtc)
    1btc=100,000,000satoshi
    Bitcoinကို Online Paymentတွေ တော်တော်များများမှာ ပေးချေလို့ရသလို Perfect Money, Paypal, itune/playstore Giftcard တွေနဲ့ပါ လဲလှယ်ဝယ်ယူလို့ရပါတယ်။ အလွယ်ဆုံးပြောရရင် Bitcoin ဆိုတာ ရွှေလိုပါပဲ။ ကြိုက်တာနဲ့ လဲလို့ရပါတယ်။ တရားဝင်Unit တစ်ခုဖြစ်လာတဲ့အချိန်မှာ  ဈေးနှုန်းအတက်အကျကွာခြားမှု နည်းလာပါတယ်။ 1btc ကို 5$ ကနေ 10$ကြား နေ့စဉ်ဈေးနှုန်းအပြောင်းအလဲ ရှိပါတယ်။ များသောအားဖြင့် Bitcoin ကို ရွှေလိုသဘောထားပြီး ၀ယ်ရောင်းလုပ်ကြတာပါ။ ဈေးနည်းနည်းကျရင် ၀ယ်စုထားပြီး ဈေးတက်တဲ့အချိန်မှာ ပြန်ထုတ်ရောင်းကြတာပေါ့။ Trade လုပ်သလိုပါပဲ။ $240 လောက်နဲ့ ၀ယ်ထားတဲ့ Bitcoin ဟာ နောက်ရက်တွေမှာ $300 လောက်ထိ တက်သွားတယ်ဆိုရင် $60 မြတ်ပါတယ်။ မြန်မာငွေနဲ့ဆို 84000 လောက် မြတ်ပါတယ်။ 2btc ဆိုရင် 168000 လောက် မြတ်မှာပါ။ မယုံမရှိပါနဲ့။ ကျွန်တော့် ဒီစာရေးနေတဲ့အချိန်မှာ $360 ဈေးပေါက်ပါတယ်။ ဒီနေ့မတိုင်ခင် နှစ်ရက်လောက်က $400 ကျော်ပါတယ်။ အဲ့ကနေ $300လောက်ထိ ကျသွားပါတယ်။ အခု ဈေးက ပြန်တက်လာပြန်ပါပြီ။ အဲ Bitcoin ဆိုတာ ဘာလဲ သိလောက်ပါထင်ပါတယ်။ Bitcoinရဲ့ ဈေးနှုန်းကို http://preev.com/ မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
    Bitcoinကို တိုက်ရိုက်ဝယ်ယူတာအပြင် Onlineပေါ်မှာ Free ရှာလို့ရပါတယ်။ Bitcoinကို ၀ယ်ယူသည်ဖြစ်စေ Freeရှာဖွေသည်ဖြစ်စေ လိုအပ်တာကတော့ Bitcoin Wallet လို့ခေါ်တဲ့ Online ပိုက်ဆံအိတ် တစ်မျိုးပါ။ Bitcoinဟာ Digital Currency ဖြစ်တဲ့အတွက် Online Walletမှာသာ သိမ်းထားရပါတယ်။ အဲ့ကနေမှ US $ နဲ့ ပြန်လဲလှယ်ရပါတယ်။ Bitcoin Walllet အမျိုးရှိတဲ့အထဲမှာမှ Blockchain / Coinbase / Bitwallet အစရှိတာတွေဟာ အသုံးများကြပါတယ်။ ကျွန်တော်ကတော့ http://bitwallet.com ကို သုံးပါတယ်။ Register လုပ်တာက လွယ်ပါတယ်။ Email တစ်ခုရှိရင်ကို Register လုပ်လို့ရပါတယ်။ Register လုပ်ပြီးရင် Bitcoin Address တစ်ခုရပါတယ်။ 1JpiaZlgdsguAasojew လိုမျိုးပေါ့။ အဲ့ Address လေးကို Copy ကူးပြီး မှတ်သားထားရပါတယ်။ Bitcoin အလွှဲအပြောင်းလုပ်ရင် အဲ့Address လေးကို အသုံးချရမှာပါ။
    Bitcoin ကို Free ရှာမယ်ဆိုရင် ပျှမ်းမျှအားဖြင့် Bitcoin Free ပေးတဲ့ Siteတွေမှာ Claim လုပ်ရပါတယ်။ အချို့တွေက ထီထိုးတယ်။ Game ဆော့ပြီး ရှာတယ်။ ကြေငြာတွေ Click ပြီးရှာကြတယ်။ Bitcoin Free ပေးတဲ့ Siteတွေက ပေးတဲ့နှုန်းက အရမ်းနည်းပါတယ်။ ပေးရင်လည်း 5မိနစ်တစ်ခါ ပေးတဲ့ Siteရှိတယ်။ 30 မိနစ်တစ်ခါ ပေးတဲ့ Site လည်း ရှိတယ်။ များသောအားဖြင့် တစ်နာရီခြား တစ်ခါပေးတဲ့ Site တွေလည်း ရှိပါတယ်။ ပေးတဲ့ ပမာဏကလည်း တစ်ကယ့်ကို မဖြစ်စလောက်လေးပါ။ ဆင်ပါးစပ် နှမ်းပက်တာကမှ နည်းနည်းများအုန်းမယ်ဗျာ။ တစ်ခါတည်း အများကြီးမပေးပါဘူး။ ဘာလို့လဲဆိုတော့ Bitcoinဆိုတာ အရမ်းတန်ဖိုးရှိတဲ့ Currency တစ်မျိုးလေဗျာ။ Bitcoinရှာတဲ့ Siteတွေက တစ်ခါပေးရင် 0.00000020btc (20satoshi) ကနေ 0.00000500btc (500satoshi) လောက်ပဲ ပေးတာ။ အဲ့လောက်လေးရဖို့ကို နောက်ထပ် တစ်နာရီစောင့်ရတာနဲ့ နာရီဝက်စောင့်ရတာနဲ့ဗျာ။ 1btc ရဖို့ကလည်း မနည်းစုရမှာ။ ဒါကြောင့်လည်း Bitcoin ဆိုတာ တန်ဖိုးကြီးတာပေါ့။ ရွှေကျင်သလို နည်းနည်းချင်းစုရမှာပါ။ Bitcoinက ပျက်စီးသွားမယ့် ငွေကြေးမျိုးမဟုတ်သလို ဈေးတက်ရင် တက်သလို အမြတ်များများ ရနိုင်ပါတယ်။ အချိန်ပြည့်ဝင်ကြည့်ရမှာမျိုး မဟုတ်သလို တစ်နာရီခြားတစ်ခါ နှစ်မိနစ်လောက်အချိန်ပေးလိုက်တာနဲ့ရပါတယ်။ မိမိ Viber / Facebook သုံးနေတဲ့အချိန်မှာ ခဏလေးအချိန်ဖဲ့ပေးလိုက်ရတာ တန်တယ်လို့ထင်ပါတယ်။ များများစားစားမရရင်တောင် အချိန်တွေ အလကားမဖြစ်ပါဘူး။ နောက်တစ်နည်းကတော့ နည်းနည်းအချိန်ရင်းရတယ်။ ငွေနည်းနည်းလည်း ရင်းရတယ်။ Bitcoin Mining ခေါ်တာပေါ့။ သူက အချိန်ပြည့်ဝင်ကြည့်စရာမလိုဘူး။ အေးအေးဆေးဆေး ပစ်ထားလိုက်ရုံပဲ။ အချိန်တန်မှ ထုတ်ပေါ့။
   

Sunday, January 24, 2016

Resident Evil 4 Bio Hazard Mobile Edition (English Version)

Capcom ကနေ ထုတ်လုပ်ထားတဲ့ Resident Evil Series တွေဟာ လူသိများတဲ့ Game တွေ ဖြစ်ပါတယ်။ Playstion 1 ကနေ အစပြုခဲ့တဲ့ Resident Evil ကနေ အစပြုပြီး Resident Evil 6 အထိ အောင်မြင်မှု များပြားခဲ့ပါတယ်။ Resident Evil 4 ကို PS2ပေါ်မှာသာမက Mobile Platformပေါ်မှာ ကစားနိုင်ဖို့အတွက် သီးသန့် ဖန်တီးခဲ့ပါသေးတယ်။ ဒါပေမယ့် မူရင်း Capcom ကနေ Playstoreမှာ တင်ပေးထားတာ ဂျပန်ဘာသာ စကားနဲ့ ဖြစ်ပြီး ဆော့ကစားတဲ့သူတွေအတွက် ဘာသာစကား အခက်အခဲရှိနေပါတယ်။ နောက်ပိုင်းမှာ Resident Evil 4 ကို English Version အနေနဲ့ Publish လုပ်ပေးခဲ့ပါတယ်။ Apk အပြင် Data ပါ ထည့်သွင်း ကစားရမှာ ဖြစ်ပါတယ်။ Resident Evil  Data ကို Download လုပ်ပြီး Extract လုပ်ပါ။ ပြီးရင် SDcard/Android/Data/DISINI ထဲကို Copyကူးထည့်ပါ။ Dataကူးပြီးမှ Apk ကို Install လုပ်ပြီး ကစားနိုင်ပါတယ်။ :) :)

Download Resident Evil Apk : http://adf.ly/1V4L4I

Download Resident Evil Mod Apk : http://adf.ly/1V4Hm3

Download Data File : http://adf.ly/1V4I4G