--ဒီမှာရေးထားတဲ့အရေးအသားတွေက ကျွန်တော်ရေးတာမဟုတ်ပါဘူး။ MSFက bro Lunaရေးထားတဲ့ noob hacking ဆိုတဲ့ postလေးထဲက စာသားအချို့ကို ပြန်ကူးပြီး တင်ထားတာပါ။ --
ဟ က်ကာအမျိုးအစား ဘယ်နှ စ်မျိုး လောက်ကြားဖူး လဲမသိဘူး။ ဒီလိုရှိတယ်ဗျ ။ white hat ,black hat ,red hat, blue hat,gray hat စုံလို့ဘဲ။
ဘယ်နမျိုးရှိတယ်ဆိုတာ ခဏထားပါဦး။ဘာလို့လဲဆို ဒါက ခုသိလည်းအပိုဘဲ လို့ထင်တယ် ။
အကြမ်းဖျင်း မှတ်လို့ရတာ တော့ ၂ ခုဘဲရှိတယ် ။ white hat နဲ့ black hat ။
white hat hacker ဆိုတာတွေက တရားဝင် လုပ်ကိုင်တာ ကိုပြောတာ (CEH သမားတွေလိုပေါ့)
black hat hacker ဆိုတာတွေက တရားမ၀င်ဘူး ။ ကိုယ့်အတွက်ကိုလုပ်တာ လူဆိုးပေါ့ဗျာ ဦးထုပ်အမဲ မျက်မှန်အမဲကြီးတွေနဲ့ဖေါ်ပြတတ်ပါတယ် ။
ဟုတ်ပြီ။ ကျနော် ပြောတဲ့ သင်ဆုံးဖြတ်ရမယ် ဆိုတာ အခုမှတကယ်လာတာ ။ ပထမဆုံး လုပ်ဆောင်ချက်ပေါ့ ။
စဉ်းစားလိုက်ပါဦီး ။ လူဆိုးလုပ်မှာလား လူကောင်း လုပ်မှာလား ဆိုတာ ?
#############################################################
ရွေးရခက်နေပီလား?
အခု နည်းနည်း ရွေးနိုင်အောင်ကူညီပေးမယ် ။
အရင်ဆုံး Black hat တွေလုပ်တာကိုပြောမယ် ။
Code:
DOS-->Denial of Service
DDOS->Distributed Dinial of Service
RAT->Remote Adress Administration Tool
Social Engineering (also white do this method)
Keeylogger
Defacing Website
အများကြီးပါ ဒါကနည်းနည်း ဥပမာပေးတာ လုပ်သမျှသာလျှောက်ရေးနေရရင်တော့မပီးဘူး ။Facebook အကောင့်လည်းဟက်တယ်။
စုံနေတာဘဲ။
White Hat တွေကတော့
Code:
Penetration Testing -> (သင့်ရဲ့ security ကို စစ်ဆေးပေးတဲ့သဘောပါပဲ အခကြေးငွေရပါတယ် အဲလိုစစ်တဲ့အတွက်)
Helping Others--> သူတို့က အခြားသူတွေကိုကူညီတယ်လို့ဆိုပါတယ် (ဒါတော့သူများပြောတာဘဲ ကျနော်တော့ black တွေက ပိုသဘောကောင်းသလားလို့)
CEH--> Certified Ethical Hacker
နဲ့တခြားသောလုပ်ဆောင်ချက်များစွာပေါ့ဗျာ။
#############################################################
ခုလောက်ဆို လူဆိုး လူကောင်း စဉ်းစားပြီး လောက်ပြီထင်ပါတယ် လူဆိုးဘဲဖြစ်ဖြစ် လူကောင်း ဘဲဖြစ်ဖြစ် ဟက်ကာ အဆင့်အတန်း ခွဲခြားမှုလေး အကြောင်းပြောပြဦးမယ်။
Script Kiddie-->ဘာမှနားမလည်ဘူး သူများရေးထားတဲ့ Tools တွေကိုသုံးတယ် အာကျယ်အာကျယ်နဲ့ ။ လျှောက်ပြောမယ် ဒီလောက်ဘဲ။ အဲ မိစရာရှိရင်တော့ ဒီကောင်မျိုးတွေ အရင်မိတယ် ။ သူ့ကို အပေါ်မှာ တုန်းက ပြောခဲ့တဲအတိုင်းအမျိုးစားခွဲမယ်ဆိုရင် Sucide Hacker တွေလို့လည်းပြောကြပါတယ်။ ကိုယ့်ကိုကိုယ်သေကြောင်းကြံနေတာပေါ့လေ။
Indermediate Hacker-->အပေါ်က ကောင်နဲ့ယှဉ်ရင်အများကြီးသာတယ် ။ သူက tools တွေအလုပ်လုပ်ပုံ ကိုနားလည်မယ် ။programming အနည်းငယ်ရမယ် ။ ပါးပါးနပ်နပ်လေးဖြစ်လာပီ
Networking ပိုင်းလည်းတော်တော်သိထားမယ်။
Elite Hacker-->သူတို့ကတော့ ဆရာကြီးတွေပေါ့ ။Tools တွေကိုယ်တိုင်ရေးမယ်။ exploit တွေရှာမယ် ။ လမ်းကြောင်းဖျောက်ရာမှာလည်း တစ်ဖတ်ကမ်းခတ်ကျွမ်းကျင်တယ်ပေါ့လေ။
ဒါကိုကျနော်ပြန်သုံးသပ်မယ်ဆိုရင်
ဘယ်သူမှတော့ Elite Hacker တန်းမဖြစ်ပါဘူး ။Script Kiddie ဘ၀ကဘဲစကြတာပါ ။ ကိုယ့်အဆင့်အတန်းကို ကိုယ်ကိုတိုင်တဖြည်းဖြည်း မြှင့်သွားမယ်ဆိုရင် ပန်းတိုင်ဆိုတာရှိပါတယ်။
Tools သုံးတဲ့နေရာမှာလည်း အပြစ်မပြောလိုပါဘူး ။ ရေးတဲ့သူက ရေးနေတာဘဲ သုံးတဲ့သူကသုံးတာ ဘာမှ ပြောစရာမရှိပါဘူး ။ဒါပေမယ့် ကျနော် ပြောသလို ကိုယ့်ကိုကိုယ်သေကြောင်းကြံတာမျိုးတော့မလုပ်မိစေနဲ့ပေါ့။
တဖြည်းဖြည်းချင်း လေ့လာသွားမယ် ဆိုရင် သင် အဆင်ပြေမှာပါ အားလုံးတတ်ချင်လို့တော့မရဘူးပေါ့ ။ကိုယ်အဆင်ပြေတာကိုအရင်လုပ် ရရင် သာယာမနေဘဲ ဆက်လုပ်။
ဖြစ်သွားပါလိမ့်မယ်။
Respect MSF & All Members
Special thanks to #Luna
No comments:
Post a Comment